← ပင်မစာမျက်နှာ

🔄 ပြန်လည်သုံးသပ်ပုံ

ပြန်လည်သုံးသပ်တယ် ဆိုတာ ဘာလဲ?
အတည်ပြုပြီး စာရင်းမှာ ပါဝင်နေတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး ကန့်ကွက်/တောင်းဆိုလာတဲ့အခါ အဖွဲ့က မူရင်းမှတ်တမ်းကို ပြန်လည်စစ်ဆေးပေးခြင်း ဖြစ်ပါတယ်။

ဘာ့ကြောင့် ပြန်လည်သုံးသပ်ရတာလဲ?

  1. ① ဘယ်လို တောင်းဆိုရမလဲTelegram Bot (@ScamWatchMM_Bot) ကို ဖွင့်ပြီး "admin" လို့ ပို့ပါ။ ကိုယ့်ဖုန်းနံပါတ်/အကောင့်နဲ့ ဘာ့ကြောင့် မဟုတ်မှန်ဘူး ထင်တယ် ဆိုတာ ရှင်းရှင်းရေးပြီး အထောက်အထား တွဲပေးပါ။
  2. ② အဖွဲ့က ပြန်လည်စစ်ဆေးခြင်းပေးပို့လာတဲ့ အကြောင်းပြချက်နဲ့ အထောက်အထားကို မူရင်းသတင်းပို့မှုနဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။ လိုအပ်ရင် မူရင်းသတင်းပို့သူ ဘက်ကလည်း အတည်ပြုချက် ပြန်တောင်းနိုင်ပါတယ်။
  3. ③ အကြောင်းပြချက် မခိုင်လုံရင်ပေးပို့လာတဲ့ အထောက်အထား မလုံလောက်ရင်၊ ဒါမှမဟုတ် မူရင်းသတင်းပို့မှု မှန်ကန်နေသေးတယ်ဆိုရင် မှတ်တမ်းကို ဆက်လက် ထားရှိမယ်။ တောင်းဆိုသူကို အကြောင်းရင်း ရှင်းပြပြီး အကြောင်းကြားပါတယ်။
  4. ④ အကြောင်းပြချက် ခိုင်လုံရင်မှားယွင်းနေတာ အတည်ပြုနိုင်ရင် မှတ်တမ်းကို ပြင်ဆင်တာ သို့မဟုတ် ဖြုတ်ပေးတာ လုပ်ဆောင်ပေးပါတယ်။ ဆက်စပ်မှတ်တမ်းတွေလည်း အတူ ပြန်လည်သုံးသပ်ပါတယ်။

⏱️ ပြန်လည်စစ်ဆေးဖို့ အချိန်အနည်းငယ် ယူနိုင်ပါတယ် — အထောက်အထား ပြည့်စုံလေ မြန်လေပါ။
⚠️ ScamWatch Myanmar သည် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်း မဟုတ်ပါ — စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းသာ လုပ်ဆောင်ပါတယ်။